top of page

TOXIC

TOXIC ကို 16.8.1998 မှာ မွေးဖွားခဲ့ပြီး သူဟာ Emo Rap နဲ့ Pop Punk အမျိုးအစားသီချင်းတွေကို နှစ်သက်ပါတယ်။


၁၀ တန်းပြီးကတည်း သီချင်းတွေစလုပ်ဖြစ်ပြီး သီချင်းတွေက သူ့ကိုအမြဲအဖော်ပြုပေးတာရယ် သီချင်းတွေနဲ့ဝေးပြီးမနေနိုင်တာရယ်ကြောင့် ဒီလမ်းကိုလျှောက်ခဲ့တာပါ။



TOXIC


ဘဝမှာ ဂီတနဲ့ ပတ်သတ်ပြီးအကြီးမားဆုံးအောင်မြင်မှုကတော့ သူနဲ့ မြတ်အမရာမောင်ရဲ့ PINK EP ရဲ့ THE PINK SHOW ပါပဲ နောက်ထပ်ဆက်သွားနေတဲ့ ခြေလှမ်းတိုင်းကိုလက်ခံပေးမဲ့သူတွေရှိနေတာကလည်း အောင်မြင်မှုပါပဲ။


သူ့ရဲ့သီချင်းတွေထဲမှာ အကြိုက်ဆုံးကတော့ Drunk Dial ဖြစ်ပါတယ်။

နိုင်ငံတကာ အနုပညာရှင်တွေထဲမှာ Juice WRLD , Blackbear, Lil Peep နဲ့ YUNGBLUD တို့ကိုကြိုက်ပါတယ်။


သီချင်းတွေကို ပိုပြီးဆန်းသစ်အောင် အမြဲကြိုးစားနေရရင် ပျော်ပါတယ် အသစ်တွေနဲ့ မဝေးသွားအောင် အမြဲရေစီးချောင်းမှာလိုက်ပါနိုင်ဖို့ကတော့ ဆန္ဒပါ။


TOXICရဲ့ သီချင်းတွေကို ဒီလင့်ကနေတဆင့် နားဆင်နိုင်ပါပြီ။

.

နောက်ထပ် အခြား အနုပညာရှင်တွေနဲ့ စကားစမြည် Biography လေးတွေကိုလည်း BMG Musicမှာ တင်ပေးသွားဦးမှာပါ။



12 views0 comments

Recent Posts

See All

Comments


Read Other Trending Topics

bottom of page