top of page

ယွန်းမြတ်သူ | Yoon Myat Thu

ယွန်းမြတ်သူ (Yoon Myat Thu) ကို 15.10.1998 မှာ မွေးဖွားခဲ့ပြီး သူမဟာ R&B နဲ့ Pop အမျိုးအစား သီချင်းတွေကို နှစ်သက်ပါတယ်။


၃နှစ်သမီးအရွယ်ကတည်းက သီချင်းစဆိုခဲ့တဲ့ ယွန်းမြတ်သူဟာ သီချင်းတွေက ခံစားချက်တိုင်းကို ပုံဖော်ပေးနိုင်ပြီး စိတ်အပန်းပြေစေတဲ့အတွက် အနုပညာအလုပ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။


ဘ၀မှာ ဂီတနဲ့ ပတ်သက်ပြီး အကြီးဆုံးရခဲ့တဲ့ အောင်မြင်မှုကတော့ ပရိတ်သတ်တွေရဲ့ အချစ်တွေ အများကြီး ရခဲ့တာပါပဲလို့ ဆိုပါတယ်။ သူမရဲ့ ပရိတ်သတ်တွေအတွက် သီချင်းကောင်းတွေများစွာကို အသက်ရှူနေသရွေ့ ဆက်လက်ဖန်တီးဖို့ ကြိုးစားသွားမှာပါ။ အခုလက်ရှိအချိန်အထိ သီချင်းအပုဒ် (၂၀)ကျော်ထွက်ထားပြီး ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေကိုလည်း နောက်ပိုင်းမှာ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။


ယွန်းမြတ်သူ အကြိုက်ဆုံးသီချင်း


သူမရဲ့ သီချင်းတွေထဲက အကြိုက်ဆုံး သီချင်းကတော့ အကြိမ်ကြိမ် နင်လမ်းတွေ့ခဲ့ရင် ဖြစ်ပါတယ်။

နိုင်ငံတကာ အနုပညာရှင်တွေထဲကဆိုရင်တော့ Justin Bieber , Chris Brown, Rihanna တို့ကို ကြိုက်ပါတယ်။


သီချင်းတပုဒ်ကိုအကောင်းဆုံးဖြစ်တဲ့အထိ အကောင်းဆုံးမလုပ်ပြနိုင်မှာကို စိုးရိမ်လေ့ရှိပြီး သီချင်းတိုင်းကို အကောင်းဆုံးဖြစ်ဖို့ စိတ်အားထက်သန်သူပါ။ သူမကို စိန်ခေါ်နေတဲ့ အရာကတော့ သီချင်းတွေကို အမြဲအကောင်းဆုံးပဲဖြစ်စေချင်တဲ့စိတ်ဆန္ဒပါပဲ။


ယွန်းမြတ်သူရဲ့ သီချင်းများ

ယွန်းမြတ်သူရဲ့ သီချင်းတွေကို ဒီလင့်ကနေတဆင့် နားဆင်နိုင်ပါပြီ။


နောက်ထပ် အခြား အနုပညာရှင်တွေနဲ့ စကားစမြည် Biography လေးတွေကိုလည်း BMG Musicမှာ တင်ပေးသွားဦးမှာပါ။

8 views0 comments

Comments


Read Other Trending Topics

bottom of page