top of page

YouTube Shorts တင်ဖြစ်ရဲ့လား?

YouTube ကို ဖွင့်ကြည့်လိုက်ရင် Facebook က Reel လို Video အတိုလေးတွေ နိုင်ငံခြားက Artists တွေ တင်နေကြတာတော့ တွေ့တယ်။ ဒီ Feature ကို ကိုယ်တွေအနေနဲ့ရော ဘယ်လိုမျိုးထိထိရောက်ရောက် အသုံးချလို့ရမလဲဆိုတာ မျှဝေပေးမှာဖြစ်ပါတယ်။

youtube shorts
YouTube Shorts

Artists တွေအနေနဲ့ Music Video တင်တဲ့အချိန်မှပဲ YouTube ကို သတိရတတ်ကြပါတယ်။ YouTube မှာ သီချင်းတွေချည်းတင်တာမျိုးထက် ကိုယ့်ရဲ့ ပရိတ်သတ်တွေနဲ့ ကိုယ့်ရဲ့ Channel နဲ့ကို ရင်းနှီးနေအောင် အကျင့်လုပ်ပေးထားဖို့ လိုပါတယ်။ ဒါမှ YouTube မှာ stream တဲ့အချိန်ကျမှ တကူးတကသွားကြည့်နေခိုင်းတာထက် YouTube ရဲ့ Shorts တွေကနေ တဆင့် ပရိသတ်တွေနဲ့ အရင်ရင်းနှီးအောင် လုပ်ပေးထားသင့်ပါတယ်။ အချုပ်ကတော့ ပရိသတ်တွေနဲ့ အမြဲ “Evergreen” ဖြစ်စေချင်တာပါ။


Artist တွေထဲကမှ YouTube Shorts ကို အသုံးပြုပြီး Fan တွေနဲ့ ထိတွေ့မှုအရှိဆုံးထဲက တစ်ယောက်ကတော့ Charlie Puth ပါပဲ။ သူ့ရဲ့ သီချင်းဖန်တီးပုံတွေ၊ သီချင်းနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို ပေ့ါပေ့ါပါးပါးပဲ ဖုန်းတစ်လုံးနဲ့ ရိုက်ပြီး ပုံမှန်တင်ပေးနေတာပဲဖြစ်ပါတယ်။


Charlie Puth YouTube Channel
Charlie Puth YouTube Channel

Shorts တွေက ဘယ်လိုကူညီပေးတာလဲလို့ပြောရင် ပထမဆုံးကတော့ ကိုယ့် Channel ရဲ့ Watch Hours (ကြည့်တဲ့အကြိမ်အရေအတွက်) များလာစေမယ်။ User Journey တစ်ခုဖြစ်လာမယ်။ Shorts ကို ကြည့်ရင်းနဲ့ Channel မှာတင်ထားတဲ့ သီချင်းတွေကို တစ်ခါတည်း ဝင်ကြည့်သွားမယ့် Best Practice လေး ဖြစ်လာမယ်။


နောက်တစ်ခုကတော့ ကိုယ်က Creative ကောင်းရင်ကောင်းသလောက် ကိုယ့် Channel ကို Subscribe မလုပ်ထားတဲ့ ပြည်တွင်းပြည်ပက YouTube Users တွေဆီကိုပါ ရောက်တာဖြစ်တဲ့အတွက် Subscribers အရေအတွက်ပါ များလာစေတာဖြစ်တာမို့ အရမ်းကို အသုံးဝင်တဲ့ Feature ဖြစ်ပါတယ်။ ဒါ့အပြင် MV/ EP Promotion လုပ်တဲ့အခါမှာလည်း ပရိသတ်တွေ စိတ်ဝင်စားလာအောင်၊ သူတို့ကိုယ်တိုင်ပါဝင်လာအောင် Campaign တွေနဲ့ချိတ်ဆက်ပြီး လုပ်လို့ရပါတယ်။


Activities အနေနဲ့ ဘာတွေလုပ်လို့ရမလဲဆိုရင် ကိုယ့်ရဲ့ Daily Activities လေးတွေ၊ Personal Stories လေးတွေကို မျှဝေတာမျိုး၊ Memes Videos လေးတွေ ပြန်လုပ်တာမျိုး၊ ပရိတ်သတ်တွေကို Lyrics လေးတွေ ရေးခိုင်းတဲ့ဟာမျိုးတွေ၊ Challenges & Rewards လုပ်တာမျိုး စတဲ့ Activities တွေ လုပ်လို့ရပါတယ်။ တစ်ခုရှိတာက YouTube ရဲ့ System ကနားလည်စေမယ့် Trendy Hashtag (၁ခု ကနေ ၂ ခု) ကောင်းကောင်းလိုမယ်၊ Shorts ရဲ့ စစချင်း Opening က အမိုက်စားဖြစ်နေဖို့ လိုပါတယ်။


15 views0 comments

Comments


Read Other Trending Topics

bottom of page