top of page

TOXIC ရဲ့ EP အသစ် HEARTBREAK HOTEL

TOXIC ရဲ့ EP အသစ်ဖြစ်တဲ့ HEARTBREAK HOTEL ကို ဒီတစ်ပတ်ရဲ့ #နားဆင်ကြည့် အစီအစဉ်မှာ ဖော်ပြပေးချင်ပါတယ်။


Q - ဒီ EP ထဲမှာ သီချင်း ၃ပုဒ်ပါတာကိုတွေ့ရတယ်နော်။ သီချင်းနာမည်တွေက "Don't Cry Babe," "Drunk Dial," နဲ့ "Yangon Mhar Hnin Kya Yin ဆိုတော့သီချင်းတွေအများကြီးထဲကမှ ဒီသီချင်း ၃ပုဒ်ကို ဘာကြောင့်ရွေးဖြစ်လဲ ပြောပြပေးပါဦး။


TOXIC - ဒီ EP က သီချင်း ၃ပုဒ်ပေါင်းမှ ဇာတ်လမ်းတစ်ခုပါ။ ကျွန်တော်က ရုပ်ရှင်လဲ တော်တော်ကြည့်ဖြစ်တော့ သီချင်းတစ်ပုဒ်ဆီကို Episode တစ်ခုစီလို့သဘောထားပြီး ဇာတ်လမ်းအရရွေးဖြစ်ခဲ့တာပါ။

.

Q - "Don't Cry Babe" ဆိုတော့ တစ်ယောက်ယောက်ကို နှစ်သိမ့်နေသလိုပဲနော်။ ဒီသီချင်းအကြောင်းလေးကို ပြောပြပေးပါဦး။


TOXIC - အဓိကကတော့ ချစ်နေရက်နဲ့ ဝေးရတဲ့သူတွေရှိသလို ကိုယ်မကောင်းလို့ သူမကောင်းလို့ ဝေးရတာတွေ တွဲတာကြာလာရင် ပျင်းလာရိုးလာ စိတ်ရူးတွေဖောက်ပြီးဖြတ်တာတွေရှိတယ်လေ...

ဘာကြောင့်ပဲဝေးဝေး အချစ်ကဘဝမဟုတ်တဲ့အကြောင်း စိတ်ထားတတ်ဖို့ပြောချင်တာပါ။ ကိုယ်နဲ့ဝေးသွားရင်တောင် အဆင်ပြေမှာပါ။ ကိုယ့်လိုမဟုတ်ပဲ ကိုယ့်ထက်ကောင်းတဲ့လူနဲ့ဆုံပါစေဆိုပြီးတော့လဲ ဆုတောင်းပေးထားတာပေါ့။

.

Q - Drunk Dial ဆိုတဲ့ အပုဒ်ကလည်း စိတ်ခံစားချက်ကို ဖော်ပြနေတဲ့ ပုံစံပဲဆိုတော့ သီချင်းနောက်ကွယ်က အကြောင်းလေးလည်း ပြောပြပေးပါဦး။


TOXIC - ဒီ EP ကယောကျ်ားလေးတွေဖြစ်နေကျတွေကိုရေးထားတာဆိုတော့ အပေါ်က don't cry babe မှာလို သိတဲ့အတိုင်း ယောကျ်ားလေးတွေက လမ်းခွဲတုန်းကလမ်းခွဲလိုက်တယ် ဘာမှမဖြစ်ဘူးဆိုပေမဲ့ ကြာလာတဲ့အခါမှ အရင်ရည်းစားကိုပြန်လွမ်းကြတာများတာကိုး...

ဟီး အကုန်လုံးကိုတော့မဆိုလိုပါဘူး။ ကိုယ့်အပေါ်ကောင်းခဲ့တဲ့တစ်ယောက်ကိုတော့ အမြဲတမ်းအမှတ်ရနေမှာပဲလေ မူးရင်ပိုလွမ်းတာပေါ့ အဲ့တော့ လွမ်းလို့ဖုန်းဆက်မိတဲ့အကြောင်းပါပဲ။

.

Q - Yangon Mhar Hnin Kya Yin က တော်တော်ထူးခြားတဲ့ နာမည်လေးပါပဲ။ သီချင်းနာမည်မှာ ရန်ကုန်လည်းပါပြီး နှင်းကျတဲ့ အကြောင်းနဲ့ ချိတ်ထားတော့ ဒီသီချင်း အကြောင်းလေးလည်းပြောပြပါဦး။


TOXIC - အပေါ်က နှစ်ပုဒ်ရဲ့ဇာတ်လမ်းပြီးတော့ ကိုယ့်ဘက်ကမှားခဲ့တော့ ပြန်ဆွဲထားလို့လဲမရတော့ဘူး သူလဲနောက်တစ်ယောက်ရှိနေပြီ ဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့ မိန်းကလေးတစ်ယောက်စိတ်နာသွားရင် ပြန်မရနိုင်တော့ဘူးဆိုတဲ့သဘောပါ မဖြစ်နိုင်တာတွေပေါင်းထားတာပေါ့...

ရန်ကုန်မှာ နှင်းကျရင်ပြန်ဆုံမယ်ဆိုပေမဲ့ ရန်ကုန်က နှင်းမှမကျတာလေ အဲ့တော့ တစ်သက်လုံးမဆုံနိုင်တော့ဘူးပေါ့ တခြားဥပမာတွေလိုဆိုရင် ပင်လယ်ရေခမ်းတဲ့တစ်နေ့တို့ဘာတို့လိုပေါ့ metaphor တစ်ခုပါပဲ။

.

Q - 'HEARTBREAK HOTEL' EP မှာ ပါဝင်တီးခတ်ပေးတဲ့ သူတွေကိုလည်း မိတ်ဆက်ပေးပါဦး။


TOXIC - တစ်ခွေလုံးကို အားဖြည့်ပေးထားတာကတော့ Aung Lay ပါ။ ကူညီပေးလို့လဲ ကျေးဇူးပါလို့

.

Q - 'HEARTBREAK HOTEL'ရဲ့ Album Cover နဲ့ ဒီဇိုင်းတွေက တော်တော်လေး ဆန်းပါတယ်။ ဘယ်လို အိုင်ဒီယာမျိုးနဲ့ လုပ်ဖြစ်တာလဲ?


TOXIC - ကျွန်တော်ပြောခဲ့သလိုမျိုးပေါ့ ဒီ hotel ကို လာဖို့ ဆိုရင် ကိုယ့်နှလုံးသားက အကောင်းတိုင်းရှိနေလို့မရဘူးပေါ့ ဒဏ်ရာတွေ ကျိုးပဲ့မှုတွေ မခံစားနိုင်တော့တဲ့အဆုံး နှလုံးပါ ထုတ်ထားရတဲ့အခြေအနေကြောင့် hotel ကို လာရတဲ့ conceptမျိုးပါ ရိုးရိုးပြောရရင်တော့ အသည်းကွဲတဲ့ လူတွေပဲ လာလို့ရမဲ့ hotel သူတို့ကို service ပေးမဲ့ hotel သူတို့ပိုခံစားနားဆင်လို့ရမဲ့ album ပေါ့ဗျာ

.

Q - အခုအချိန်မှာ 'HEARTBREAK HOTEL' နားထောင်နေတဲ့ TOXIC ရဲ့ ပရိတ်သတ်တွေကိုရော နားမထောင်ရသေးတဲ့ ပရိတ်သတ်တွေကိုရော ဘာပြောချင်ပါသလဲ?


TOXIC - ပြောချင်တာကတော့ ဒီထဲက သီချင်း ၃ ပုဒ်လုံးက ကျွန်တော့်ရဲ့ အရင်နဲ့မတူတဲ့ပုံစံပါ တစ်ပုဒ်နဲ့တစ်ပုဒ်ကိုလဲ မတူအောင် vibe ကွဲအောင်ကြိုးစားထားပါတယ် အသည်းကွဲနေရင်တော့ ခဏလောက်အချိန်ပေးပြီး နားဆင်ကြည့်ပေးပါ ကျွန်တော့် hotel မှာ လာနားခိုပါလို့ပြောချင်ပါတယ်ဗျ ကျေးဇူးပါ

.

ဒါကတော့ လတ်တလော ပူပူနွေးနွေး EP အသစ်ထွက်ထားတဲ့ TOXIC နဲ့ EP အကြောင်း မေးထားတာလေးပဲဖြစ်ပါတယ်။ အခုပဲ HEARTBREAK HOTEL ကို အောက်ကလင့်ကတဆင့် နားဆင်ကြည့်လိုက်ရအောင်။



TOXIC ရဲ့ HEARTBREAK HOTEL EP ကို Digital Music Distribution လုပ်ပေးခွင့်ရတဲ့အတွက်လည်း BMG Music အနေနဲ့ အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။


ချစ်ခင်လေးစားရတဲ့ Artist တွေအနေနဲ့လည်း ကိုယ့်ရဲ့ ရင်နှစ်သည်းခြာ တေးသီချင်းလေးတွေကို ကျွန်တော်တို့ BMG Music ကနေတဆင့် Digital Platform 100 ကျော်ပေါ်မှာ ဖြန့်ချိပြီး သီချင်းချစ်သူတွေဆီ အရောက်ပို့နိုင်ပြီဖြစ်ကြောင်းလည်း ထပ်လောင်း သတင်းကောင်း ပါးအပ်ပါတယ်။

6 views0 comments

Comentarios


Read Other Trending Topics

bottom of page